Global Movement for Myanmar Democracy

အရေးတော်ပုံအောင်ရမည်

The Revolution must succeed


GM4MD is organizing a campaign to draw international attention to the humanitarian crisis and brutal military repression occurring in Burma.

Welcome to our Home Page! Thanks for visiting us. 

Global Movement for Myanmar Democracy (GM4MD) is a youth-led grassroots organization that mobilizes Myanmar diaspora youth and friends to fight for freedom and democracy in Myanmar by harnessing the power of global digital networks.

မူလစာမျက်နှာမှ ကြိုဆိုပါတယ်။ လာရောက်ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Global Movement for Myanmar Democracy (GM4MD) ဟာ လူငယ်များက ဦးဆောင်တဲ့ အခြေခံလူထုအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရရှိရန် တစ်ကမ္ဘာလုံးမှ ထောက်ခံအားပေးဆောင်ရွက်နေသော ကွန်ရက်များကို ပိုမိုအားကောင်းလာစေရန်နှင့် လက်တွေ့အခြေအနေနှင့်ကိုက်ညီပြီး သေချာစွာရွေးချယ်သတ်မှတ်ထားသော လူငယ်စွမ်းအားမြှင့်တင်ပေးရန်လှုပ်ရှားမှုများလုပ်ဆောင်နိုင်ရန် လိုအပ်သော နည်းလမ်းဆိုင်ရာလိုအပ်ချက်များတို့ကို ပြည့်မှီနိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။ ကမ္ဘာအရပ်ရပ်ရှိ မြန်မာလူမျိုးများ၊ မြန်မာနိုင်ငံ၏ သူငယ်ချင်းများ၊  ယေဘုယျအားဖြင့် ဒီမိုကရေစီကိုလိုလားသော သူငယ်ချင်းများ၊ သက်ဆိုင်သည့်ရှိနေပြီးသော အဖွဲ့အစည်းများတို့ကို ပေါင်းစည်းပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အခြေခံလူထုလှုပ်ရှားမှုကိုဆောင်ရွက်နိုင်သော ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းမှုကို တုန့်ပြန်နိုင်ရန် ယမန်နှစ် (၂၀၂၁) အတွင်းကမှ စတင်ဖွဲ့စည်းခဲ့သော တစ်ကမ္ဘာလုံးမှ မြန်မာလူငယ်များ၏ အဖွဲ့အစည်းဖြစ်သောကြောင့်၊ ဤ ဆိုဒ် သည် ပုံမှန်အားဖြင့် မွမ်းမံမှုများရှိနေပါသည်။ စာမျက်နှာ ထိပ်ပိုင်းတွင်ရှိသော tab များကို နှိပ်၍ ဆိုဒ်ကို လေ့လာနိုင်ပြီး ကျွန်ုပ်တို့၏ အကြောင်း၊ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ၊ ကျွန်ုပ်တို့ လုပ်ဆောင်သောနေရာများ၊ ကျွန်ုပ်တို့၏ ဆောင်ရွက်ပြီး လှုပ်ရှားမှုများ၊ ကျွန်ုပ်တို့ ဘာကြောင့်ဤအလုပ်များကို လုပ်ဆောင်နေရသလဲဆိုသော ရည်ရွယ်ချက်များ၊ ကျွန်ုပ်တို့ မည်ကဲ့သို့ အလုပ်လုပ်ဆောင်ပုံများ အစရှိသည်တို့ကို လေ့လာနိုင်ပါသည်။ တတ်နိုင်ပါက ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများအား အလှူငွေအားဖြင့်လည်းကောင်း၊ လုပ်အားပေးခြင်းအားဖြင့်လည်းကောင်း ကူညီပါဝင်ပေးရန် ဖိတ်ခေါ်လိုပါသည်။